Skip to Content

အချိန်ပြည့် စားဖိုမှူး (အမျိုးသမီး) (၁) ဦး

Hakha, Myanmar
Chinbridge College တွင် တာဝန်ထမ်းဆောင်ရန် အချိန်ပြည့် စားဖိုမှူး (အမျိုးသမီး) (၁) ဦးအား အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများမှ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

အလုပ်ချိန် (Working Hours)

  • အချိန်ပြည့် ဝန်ထမ်း

  • တစ်ပတ်လျှင် (၆) ရက် တာဝန်ထမ်းဆောင်ရမည်။(တနင်္လာနေ့မှ-စနေနေ့ထိ)

  • အလုပ်ချိန်သည် Chinbridge College ၏ သတ်မှတ်ထားသော အလုပ်ချိန်နှင့် စည်းမျဉ်းစည်းကမ်း များအတိုင်း ဖြစ်ရမည်။

Customer Relationship
Personal Evolution
Autonomy
Administrative Work
Technical Expertise

အဓိကတာဝန်ဝတ္တရားများ (Key Responsibilities)

  • Chinbridge College Canteenအတွက် နေ့စဉ် နံနက်စာ၊ နေ့လယ်စာနှင့် လိုအပ်သော အစား အသောက်များကို သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးမြင့်မားစွာ ပြင်ဆင် ချက်ပြုတ်ပေးရမည်။
  • မီးဖိုချောင်၊ ချက်ပြုတ်အသုံးအဆောင်ပစ္စည်းများနှင့် Canteen ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းစောင့်ရှောက်ရမည်။
  • ကောလိပ်ရုံးခန်းများ၊ အစည်းအဝေးခန်းများနှင့် သတ်မှတ်ထားသော နေရာများအား နေ့စဉ်သန့်ရှင်း ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်။
  • တာဝန်ခံမှ လိုအပ်သလို သတ်မှတ်ပေးသော အခြားဆက်စပ်လုပ်ငန်းတာဝန်များကိုလည်း ပူးပေါင်း ဆောင်ရွက်ရမည်။

လိုအပ်သော အရည်အချင်းများ (Qualifications & Requirements)

  • အသက် (၂၀) နှစ်နှင့်အထက် ဖြစ်ရမည်။
  • ရိုးသားမှု၊ တာဝန်ယူမှုနှင့် စည်းကမ်းလိုက်နာမှုရှိရမည်။
  • ကျန်းမာရေးကောင်းမွန်ပြီး အဖွဲ့အစည်းအတွင်း ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
  • ချက်ပြုတ်လုပ်ငန်းအတွေ့အကြုံရှိသူများကို  ဦးစားပေးရွေးချယ်မည်။
  • အစားအသောက်သန့်ရှင်းရေးနှင့် Food Safety စံနှုန်းများကို အလေးထား လိုက်နာနိုင်ရမည်။
  • ရေရှည်အချိန်ပြည့်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

လစာနှင့် အကျိုးခံစားခွင့်များ (Salary & Benefits)


  • လစာ - တစ်လလျှင် ကျပ် ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ (အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူ တည်၍ ခံစားခွင့်ရမည်။

  • ကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်။

  • နှစ်ပတ်လည်ခွင့်၊ အများပြည်သူရုံးပိတ်ရက်များနှင့် အခြားအကျိုးခံစားခွင့်များကို Chinbridge College ၏ ဝန်ထမ်းမူဝါဒအရ ခံစားခွင့်ရရှိမည်။

လျှောက်ထားရန် (How to Apply)

"Apply" ခလုတ်ကို နှိပ်ပြီး သင့်၏ CV ကို တင်ပါ 

လျှောက်လွှာလက်ခံနောက်ဆုံးရက်  : ၃၁ရက်၊ဇူလိုင်လ၊၂၀၂၆