စီးပွားရေးနှင့် စာရင်းကိုင်ပညာကို အခြေခံမှစ၍ တဖြည်းဖြည်း အဆင့်မြင့် သင်ယူလိုသူတိုင်းအတွက် အခွင့်အလမ်းအသစ်!
အကြောင်းအမျိုးမျိုးကြောင့် BBA နှင့် MBA ကိုအချိန်ပေးပြီး မသင်ကြားနိုင်သောလူငယ်များအတွက် BBA နှင့် MBA အထိတက်ရောက်နိုင်ဖို့ ခြေလမ်းအစဖြစ်သော Foundation Diploma ကို စတင်ဖွင့်လှစ်ပေးလိုက်ပါပြီ။
ဤ Diploma သင်တန်းအတွက် credits 80 ရှိရန်လိုအပ်သောကြောင့် Diploma ကိုကောင်းမွန်စွာ တတ်မြှောက်ပြီးသော ကျောင်းသား/သူများသာလျှင် BBA 1st year ကို တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Ofqual qualification level 3 နှင့် equivalent qualification ဖြစ်သောကြောင့် (၁၀)တန်းအောင်မဟုတ်သောသူများလည်း တက်ရောက်နိုင်သော သင်တန်းတစ်ခုဖြစ်ပါသည်။
သင်တန်းကာလမှာ (၉) လကြာမြင့်မည်ဖြစ်ပြီး သင်ကြားမည့်ဘာသာရပ်များမှာ
- Doing Business in Myanmar (10 credits),
- Introduction to Economic and Accounting (10 credits),
- Using Information Technology for Business (10 credits),
- Business English (10 credits),
- Introduction to Business Environment (10 credits),
- Introduction to People Management (10 credits),
- Introduction to Marketing and Customer Service (10 credits), and
- Digital and Affiliate Marketing (10 credits).
ဤသင်တန်း၏ထူးခြားချက်မှာ MS Word၊ MS Excel၊ Business Data Analytics Tools၊ Collaboration and Productivity Tools၊ Operations for Digital Tools၊ Content Writing၊ E-Commerce နှင့် Digital Presence တို့ကိုလည်း သင်ယူရမည်ဖြစ်ပါသည်။
သင်ကြားမည့်ပုံစံ
Blended learningဖြင့်သင်ရမှာဖြစ်ပြီး 65%ကို in-person class, 25% ကို online face-to-face (ZOOM) class, နှင့် 10% ကို Chinbridge ၏ E-Learning စနစ်ကို အသုံးပြုပြီး မိမိအားလပ်တဲ့အချိန်မှာလေ့လာ သင်ယူနိုင်မည် ဖြစ်ပါသည်။
In-person classes ကို အပတ်စဉ် စနေနေ့တိုင်း 10:00AMမှ 3:00PMအထိ Chinbridge Institute မှာ သင်ကြားပေးမည်ဖြစ်သည်။
Online classes ကို အပတ်စဉ် ကြာသပတေး ည 6:30PMမှ 8:30PMအထိ ZOOM ဖြင့်သင်ကြားပို့ချပေးမည်ဖြစ်သည်။
ဘယ်လိုလူတွေအတွက်လဲ
65% In-person ဖြင့် ကျောင်းစာသင်ခန်းတွင် သင်ကြားရမည် ဖြစ်သောကြောင့် လက်ရှိဟားခါးမြို့တွင် နေထိုင်နေသူများ အတွက်သာသင့်တော်ပါသည်။
စာရင်းကိုင်ပညာကို အမှန်တကယ် စိတ်ပါဝင်စားစွာ လေ့လာသင်ယူချင်သူများ၊
လုပ်ငန်းလိုအပ်ချက်အရ စာရင်းကိုင်ပညာ၊ စာရင်းကိုင်နှင့် လုပ်ငန်းများတွင် အသုံးများသော IT နည်းပညာနှင့် Tools များ သင်ယူပြီးအသုံးပြုလိုသောသူများ၊
လုပ်ငန်းတစ်ခုကို စနစ်တကျ စီမံခန့်ခွဲလိုသောသူ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်သူများ (သို့)ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ဖို့ အစီစဉ်ရှိနေသူများနှင့်
Chinbridge ရဲ့ College of Business and Technology တွင် Bachelor of Business Administration (BBA), ပထမနှစ် (1st year) ကို တက်ရောက်နိုင်ရန် University/college progression အခွင့်အလမ်းရရှိလိုသူများ အတွက်လည်းသင့်လျော်သော သင်တန်းဖြစ်ပါသည်။
Foundation Diploma ဘွဲ့အပ်နှင်းရန်အတွက်လိုအပ်သည့်သတ်မှတ်ချက်
Coursework အတွက် 40 credits
Assignment အတွက် 20 credits
Capstone projects များအတွက် 20 creditsနှင့်
Attendance requirement: 80%
How to apply?
Foundation Diploma in Accountancy and Business အကြောင်း အသေးစိတ်သိချင်ရင် Page ရဲ့ Chatbox မှစုံစမ်းနိုင်သလို Viber (09893976373) ဖြင့်လည်း အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်။
မှတ်ချက်။ ။ Foundation Diploma in Accountancy and Business သည် accredited program or accredited diploma မဟုတ်ပါ။ Pre-University Foundation course and working professional အတွက် အဓိကထားပြီး ဖွင့်လှစ်သော progam တစ်ခုဖြစ်ပါသည်။
ဤ Foundation Diploma ပြီးမြှောက်အောင်မြင်သောကျောင်းသား/သူများသည် Chinbridge ၏ College of Business and Technology တွင် Bachelor of Business Administration (BBA), ပထမနှစ် (1st year) ကို တက်ရောက်ခွင့်ရမည်ဖြစ်ပါသည်။