Skip to Content

ကိုယ့်ရဲ့ Personal Budget Management ကို ဘယ်လို Analyse လုပ်မလဲ❓

August 31, 2025 by
Sui Tin Tlem

ကိုယ့်ရဲ့ Personal Budget Management ကို ဘယ်လို Analyse လုပ်မလဲ?


ခုလို Inflation Rate တွေမြင့်မား နေတဲ့ ကာလမှာ ကိုယ်ငွေသုံးလိုက်တဲ့အခါ ဝင်ငွေ/ထွက်ငွေ မမျှတမှုသည်လည်း  မလွဲမသွယ် ရင်ဆိုင်နေရတဲ့ ပြသနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်… အဲ့ဒီပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ လိုလာပါတယ်။


ကိုယ်က ကိုယ့်ရဲ့ Income ကိုတိုးလာအောင်လုပ်နိုင်တဲ့ Efficiency လည်းမရှိသေးဘူး ပုံမှန်ဝင်ငွေကိုပဲ လောက်ငှအောင်သုံးနေရတယ် ဆိုတဲ့အခါ ဝင်ငွေ/ထွက်ငွေတွေကို သေချာစီစစ်ဖို့ လိုလာပါပြီ။


ကိုယ်က တစ်လတစ်လ ဘယ်လောက် ငွေဝင်သလဲ? အဲ့ဒီဝင်ငွေအပေါ်  ကိုယ်သုံးလိုက်တဲ့ ထွက်ငွေတွေကို သေချာ စားရင်းရေးမှတ်တဲ့ အလေ့ကျင့်လေးတွေ လုပ်ပေးဖို့လိုပါတယ်။

အကျဉ်းချုပ်အားဖြင့် ငွေစာရင်းခေါင်းစဉ်လေးတွေ တပ်ဖို့စဉ်းစားရတော့မှာပါ။


စားဖို့သောက်ဖို့၊ ကျန်းမာရေးကိစ္စ ၊ လူမှုရေးကိစ္စ ဆိုပါတော့ အဲ့ဒီခေါင်းစဉ် ၃ခုနဲ့ သက်ဆိုင်တာလေးတွေကို ကိုယ့်ရဲ့ ဖုန်း Notes ထဲမှာ Date နဲ့တကွ နေ့စဉ် ရေးမှတ်တဲ့အကျင့် လုပ်ကြည့်လိုက်ပါ။Personal budget management လုပ်ဖို့တွက် free down လို့ရတဲ့ Mobile app တွေလည်းရှိပါတယ် (e.g.,Monefy)...ကိုယ့်ဖုန်းနဲ့က အထိတွေ့အများဆုံးမို့ လုပ်ကာစ မှာပဲ နဲနဲအလုပ်ရှုပ်သလိုဖြစ်ပြီးတော့ နောက်ပိုင်းကျ အလေ့ကျင့်ကောင်းလေး တစ်ခု သေချာပေါက်ဖြစ်လာမှာပါ။


စာရွက် ဘောပင်နဲ့ရေးမှတ်တာထက် ဖုန်း Notes ထဲရေးမှတ်တာက ပိုပြီးလွယ်ကူ မြန်ဆန်ပါတယ်….တစ်လတစ်လ ကိုယ့်ရဲ့အသုံးစရိတ် ရေးမှတ်ထားတာလေးတွေကို လကုန်တဲ့ခါတိုင်း Notes book ထဲမှာ ပေးထားတဲ့ ခေါင်းစဉ် ကြီး ၃ခုနဲ့ သေချာ ပြန်ပေါင်းတွက်ပြီး စာအုပ်ထဲရေးမှတ်ပါ..အဲ့ဒိအခါ ကိုယ်တစ်လ တစ်လသုံးလိုက်တဲ့ထဲ ဘယ်ခေါင်းစဉ်တွေမှာ အသုံးများသလဲ ဆိုတာပေါ်လာမှာပါ။


ကိုယ်ကဘယ်နေရာတွေမှာ ငွေသုံးတာ များနေသလဲ? ကျန်းမာရေးတွက် ငွေသုံးတာသည် လျှော့လို့ကောင်းတဲ့ထဲမပါပါဘူး…အာ့ကြောင့်မို့ ကျန်တဲ့ ကိုယ့်ရဲ့ လူမှုရေး အပျော်ပါး ကိစ္စတွေမှာ သုံးတာများနေတယ်….မလိုအပ်ပဲ ဝယ်မိတာတွေ များနေတယ် ဆိုရင်တော့ အဲ့ဒါလေးတွေကို နောက်လကျရင် သေချာပေါက်လျှော့ချဖို့ လိုပါတယ်။


ကိုယ့်ရဲ့ လစဉ် ဝင်ငွေထက် ထွက်ငွေ ပိုများနေတယ်ဆိုရင် တစ်လတစ်လ ကိုယ်တကယ်မရသေးတဲ့ ( - ) ထိ ငွေစာရင်း ကိုယ့် Account ထဲတိုးလာမှာပါ…. အဲ့ဒီ ( - ) ထိထားတဲ့ ငွေသည် သုံးရတဲ့ အတောအတွင်းမှာသာ စိတ်ချမ်းသာရပြီး ပြန်ဆပ်တဲ့အခါ သိပ်ကိုပင်ပန်းရပါတယ်။


အာ့ကြောင့်မို့ ကိုယ့်ရဲ့ လစဉ် အသုံးစရိတ်ကို (-) မထိအောင် သတိရှိရှိနဲ့သုံးတတ်ဖို့ အတွက် ထွက်ငွေတွေကို သေချာ စိစစ်ဖို့ အင်မတန်အရေးကြီးပါတယ်။

Sui Tin Tlem August 31, 2025
Share this post
Tags
Archive
စီးပွားရေးနဲ့ ပတ်သက်ပြီး လေ့လာမယ်ဆိုရင် Paid သင်တန်းတွေ တက်မယ့်အစား UNDP Myanmar ရဲ့ စီးပွားရေး သင်တန်း ၂၂ ခု ကို ကြိုက်ရာ ရွေးတက်ဖို့ recommend ပေးပါတယ်ရှင်။