Skip to Content

သိကိုသိထားသင့်တဲ့ Accounting & Finance ရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း

📚 Accounting & Finance ဆိုတာ လုံးဝရိုးရှင်းတဲ့ နယ်ပယ်မဟုတ်ပါဘူး။ မန်နေဂျာတွေ၊ စာရင်းစစ်တွေက လုပ်ငန်းစာရင်းတွေကိုတိကျအောင် အမြတ်ထွက်အောင် ချိန်ညှိရတဲ့အတွက်အချိန်ယူပြီးလုပ်ရတတ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းအရှုံးတွေပဲကြုံနေရမယ်ဆိုရင် ဘာဖြစ်မလဲ? ဒါဆို ကုန်ကျစရိတ်ကို လျှော့ချမလား၊ ဈေးကွက်ရောင်းအားကိုမြှင့်တင်မလား၊ Customer Relationship Management (CRM) ကို ပိုကောင်းအောင်ပြုလုပ်မလား စတဲ့ အမြတ်ငွေတိုးပွားအောင်နည်းလမ်းရှာရပါတယ်။


ဒါပေမဲ့ တကယ့်အခြေအနေမှာတော့ အကောင်းဆုံးအဖြေကိုမရှာနိုင်ဘဲ အမြတ်ငွေစာရင်းအတုလုပ်တာ၊ ကုမ္ပဏီရဲ့ငွေကြေးအခြေအနေကို ဆိုးရွားအောင်ဖန်တီးလိုက်တာကို Window Dressing လို့ခေါ်ပြီး မတရားတဲ့လုပ်ဆောင်မှုအဖြစ်သတ်မှတ်ထားပါတယ်။ ဒီလိုမျိုး ငွေစာရင်းအကျိုးဆောင်မှုမကောင်းတဲ့ အကြီးမားဆုံးကိစ္စတွေမှာ Enron ကုမ္ပဏီရဲ့အဖြစ်အပျက်ကလည်း တစ်ခုအပါအဝင်ပါပဲ။


❗Adelphia Communications ပိုင်ရှင် John Rigas က ဘဏ္ဘာရေးအတုအယောင်လုပ်ခဲ့အတွက် ထောင်ဒဏ် (၁၅)နှစ်ကျခံခဲ့ရသလို သူ့သား Timothy Rigas ကိုလည်း Bank fraud, securities fraud စွပ်စွဲချက်တွေအတွက် ထောင်ဒဏ်နှစ် (၂၀)ကျခံခဲ့ရပါတယ်။


Adelphia ကုမ္ပဏီက ဒေါ်လာ(2.3 Billion) တန် အကြွေးစာရင်းကို လျှို့ဝှက်ထားခဲ့တဲ့အတွက် 2002ခုနစ်မှာ ပျောက်ကွယ်သွားခဲ့ရပါတယ်။


သတင်းအရင်းအမြစ် Link

https://www.nbcnews.com/id/wbna8291040


ဒီလိုမျိုးစာရင်းချိုးဖောက်မှုတွေ ကြီးမားတဲ့အမှုတွေကြောင့် နိုင်ငံအလိုက် ငွေကြေးထိန်းချုပ်တဲ့အဖွဲ့အစည်းတွေကို ဖွဲ့စည်းပြီး Financial Regulations တွေချမှတ်လာခဲ့ပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေက တိကျမှန်ကန်မှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှုတို့ကို ရရှိဖို့ ရည်ရွယ်ပါတယ်။


📌 𝐆𝐞𝐧𝐞𝐫𝐚𝐥𝐥𝐲 𝐀𝐜𝐜𝐞𝐩𝐭𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 (𝐆𝐀𝐀𝐏) ကို ဖွဲ့စည်းပြီး ငွေစာရင်းအစီရင်ခံရာမှာ တူညီတဲ့စံနှုန်းနဲ့ လိုက်နာရမဲ့ ethical တွေကို သတ်မှတ်ပေးထားပါတယ်။


🔺 Principle of Regularity

𝐆𝐀𝐀𝐏 ကို လိုက်နာတဲ့ စာရင်းကိုင်တွေက သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို တိကျစွာလိုက်နာမယ်။


🔺 Principle of Consistency

ငွေစာရင်းအစီရင်ခံရာမှာ တူညီတဲ့စံနှုန်းတွေကို အမြဲတမ်းအသုံးချရမယ်။


🔺 Principle of Sincerity

စာရင်းကိုင်တွေက တိကျမှန်ကန်မှုနဲ့ မျှတမှုရှိရမယ်။


🔺 Principle of Performance of Methods

ငွေစာရင်းအစီရင်ခံစာတွေကို ပြုစုရာမှာ တူညီတဲ့နည်းလမ်းတွကိုပဲ အသုံးချရမယ်။


🔺 Principle of Non-Compensation

ကုမ္ပဏီရဲ့လုပ်ဆောင်မှု အချက်အလက်တွေထဲမှာ အကျိုး၊အပြစ် အစုံအလင်ကိုတိကျစွာဖော်ပြရမယ်၊ အကျိုးနည်းတာကို အကျိုးများတာနဲ့အစားထိုးတာမျိုး မဖြစ်ရပါ။


🔺 Principle of Prudence

ခန့်မှန်းခြေ သို့မဟုတ် speculation တွေကို ငွေစာရင်းအချက်အလက်ထဲမထည့်သင့်ပါ။


🔺 Principle of Continuity

Asset တွေကို တန်ဖိုးသတ်မှတ်ရင် ကုမ္ပဏီဆက်လက်လည်ပတ်နိုင်မယ်လို့ ယူဆလို့ရပါတယ်။


🔺 Principle of Periodicity

ဝင်ငွေနဲ့ ကုန်ကျစရိတ် အစီရင်ခံတာတွေကို သုံးလ၊ တစ်နှစ်စသဖြင့် အချိန်ကာလအလိုက် ထုတ်ပြန်ရမယ်။


🔺 Principle of Materiality

ငွေစာရင်းအစီရင်ခံစာတွေက ကုမ္ပဏီရဲ့ငွေကြေးအခြေအနေကို အပြည့်အဝဖော်ပြနိုင်ရမယ်။


🔺 Principle of Utmost Good Faith

ပါဝင်လုပ်ဆောင်နေသူအကုန်လုံးက ရိုးသားမှန်ကန်စွာ ဆောင်ရွက်နေတာလို့ ယူဆထားတယ်။


https://www.accounting.com/resources/gaap/


📌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐑𝐞𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬 (𝐈𝐅𝐑𝐒)

𝐈𝐅𝐑𝐒 ဆိုတာ နိုင်ငံတကာအဆင့်မှာ အသုံးပြုနိုင်မဲ့ ငွေစာရင်း Common Rules တွေကို ဖန်တီးပေးထားတာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကုမ္ပဏီတွေ ဘယ်နိုင်ငံမှာပဲလုပ်လုပ် ငွေစာရင်းအစီရင်ခံစာတူညီပြီး နိုင်ငံအများကြား ယှဉ်နိုင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။


ကုမ္ပဏီတွေ ငွေစာရင်းကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုအစီရင်ခံရမလဲ၊ ငွေစာရင်းလုပ်ဆောင်မှုတွေနဲ့ ငွေကြေးထိခိုက်မှုရှိတဲ့အခြေအနေတွေကို ဘယ်လိုဖော်ပြမလဲဆိုတာတွေကို သတ်မှတ်ပေးထားပါတယ်။


‼️ 𝐈𝐅𝐑𝐒 နဲ့ 𝐆𝐀𝐀𝐏 ကြားအထူးသတိထားရမဲ့အချက်ကတော့

US က Securities and Exchange Commission (SEC) က IFRS ကို အပြည့်အဝမပြောင်းလဲသေးဘဲ GAAP ကိုပဲ ဆက်လက်အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ US အဖွဲ့အစည်းတွေမှာ IFRS အချက်အလက်တွေကို GAAP အစီရင်ခံစာနဲ့အတူပေါင်းထည့်ဖို့အစီအစဉ်ကို စဉ်းစား‌‌နေကြပါတယ်။

သိကိုသိထားသင့်တဲ့ Accounting & Finance ရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း
Chinbridge Institute September 15, 2025
Share this post
Tags
Archive
Accounting နဲ့ Finance က ဘာလို့အရေးကြီးတာလဲ❓