ငွေကြေးစီမံကိန်းရေးဆွဲခြင်း (Budgeting) ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် စီးပွားရေးလုပ်ငန်းတွေအတွက် စာရင်းကိုင်မန်နေဂျာတွေ ပြင်ဆင်ထားရတဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်တွေနဲ့ ခန့်မှန်းချက်တွေပဲဖြစ်ပါတယ်။ Budget ဆိုတာ ကိန်းဂဏန်းတွေ၊ ငွေကြေးပမာဏတွေနဲ့ ဖော်ပြထားတဲ့ လုပ်ငန်းရဲ့ Process တစ်ခုပါပဲ။
Budget ရဲ့အဓိကလုပ်ဆောင်ချက် တချို့ကတော့
🔺ညှိနှုင်းဆောင်ရွက်ခြင်း (Coordination)
Budget တစ်ခုက အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို ညှိနှိုင်းပေးပါတယ်။ ဥပမာ - Sale Team ရဲ့ လိုလားချက်တွေကို Production Team က တကယ်အကောင်အထည်ဖော်နိုင်မလား၊ မဖြစ်နိုင်ဘူးဆိုရင် Production Resources တွေကို လျှော့ချရမလားဆိုတာ ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် အရောင်းကျဆင်းနေချိန်မှာ Promotion အတွက် အလွန်အကျွံအသုံးပြုနေလားဆိုတာတွေကို ဖော်ထုတ်ပေးနိုင်ပါတယ်။
🔺စီမံကိန်းဆွဲခြင်း (Planning)
Budget တစ်ခုက တိကျသေချာတဲ့ စီမံကိန်းဆွဲဖို့အတွက် ချမှတ်ထားတာပါ။ လုပ်ငန်းက ဦးတည်ချက်မရှိရင် မန်နေဂျာတွေက လိုအပ်တဲ့အရင်းအမြစ်တွေကို ပုံဖော်တွေးဆလို့မရပါဘူး။ တိကျတဲ့ဘတ်ဂျက်ကပဲ လုပ်ငန်းတစ်ခုလုံးအတွက် Objective တွေကို သတ်မှတ်ပေးပါတယ်။
🔺အားပေးမှု (Motivation)
Budget ကို ဌာနအသီးသီးအလိုက်ခွဲပေးတဲ့အခါ ဌာနမှူးတိုင်းက လာမဲ့ကာလတွေအတွက် တိကျတဲ့ လမ်းကြောင်းကို ဖော်ဆောင်နိုင်ပါတယ်။ နောက်တစ်ခုက တစ်ဦးချင်းစီအတွက် Objective ကို Performance နဲ့ သတ်မှတ်ပေးထားတဲ့အခါ Motivation ဖြစ်စေပါတယ်။
🔺ထိန်းချုပ်မှု (Control)
Budget က တိကျတဲ့စစ်ဆေးမှုတွေအတွက် အခြေခံအချက်အလက် (Benchmark) ပါပဲ။ Budget မရှိဘဲ ဌာနတွေဘယ်လောက် Performance ကောင်းလဲဆိုတာကို မန်နေဂျာတွေမသိနိုင်ပါဘူး။ အမှန်တကယ်ရလဒ်နဲ့ Budget ကို နှိုင်းယှဉ်မှသာ နောက်တစ်ကြိမ် Budget တွေပြန်ချတဲ့အခါ ပိုပြီးတိကျတဲ့ Objective တွေထားနိုင်ပါတယ်။
💸 Budget တစ်ခုပြင်ဆင်ရာမှာ အခက်အခဲတွေလည်းရှိတတ်ပါတယ်။
🔹 Budget ပြင်ဆင်ဖို့ အချိန်လည်းကြာပြီး အလုပ်လည်းများပါတယ်။
🔹အထက်လူကြီးတွေက ကြီးကြပ်မှုအားနည်းပြီး လက်အောက်ငယ်သားတွေကိုပဲ တာဝန်ပေးတဲ့အခါ အမှားတွေလည်း တွေ့ရတတ်ပါတယ်။
🔹ဌာနတွေက အသုံးစရိတ်ကန့်သတ်နေရပေမဲ့ အထက်လူကြီးတွေက အသုံးများနေတာကြောင့် မကျေမချမ်းတွေလည်းဖြစ်တတ်ပါတယ်။
🔹ဈေးကွက်အခြေအနေပြောင်းသွားရင်လည်း Budget က မသင့်တော်တော့တာလည်းဖြစ်တတ်ပါတယ်။