Skip to Content

Financial Ratios ဆိုတာ ဘယ်လိုမျိုးလဲ❓

 Financial Ratios ဆိုတာ ဘယ်လိုမျိုးလဲ❓Financial Ratios ဆိုတာ ကုမ္ပဏီတစ်ခု၊ လုပ်ငန်းတစ်ခုရဲ့ စီးပွားရေးအခြေအနေကို အလွယ်တကူနှိုင်းယှဉ်သုံးသပ်လို့ရတဲ့ tools တွေဖြစ်ပါတယ်။ Liquidity, Profitability, Solvency စတာတွေကို သုံးသပ်ဖို့အတွက် အသုံးပြုကြပါတယ်။ 


Liquidity Ratios

Liquidity Ratios များက လုပ်ငန်းတစ်ခုရဲ့ မကြာမီအတောင်းခံရမဲ့ အကျိုးခံစားခွင့်များ (short-term debt obligation)ကို ဘယ်လိုထိရောက်စွာဆပ်နိုင်မလဲ၊ လက်ရှိပစ္စည်းများက ဘယ်လောက်မြန်မြန် Cash အဖြစ် ပြောင်းလဲပေးနိုင်လဲဆိုတာကို ဖြေရှင်းပေးပါတယ်။


Business Manager တွေကြည့်ရမဲ့ အဓိက Liquidity Ratios (၃)မျိုးရှိပါတယ်။


🔺 Working Capital Ratio (Current Ratio)

သူ့ရဲ့ Formula က

Current Assets ÷ Current Liabilities ဖြစ်ပြီး

အချိုး > 1 ဖြစ်ရင် လက်ရှိအကျိုးခံစားခွင့်တွေထက် လက်ရှိပစ္စည်းပိုများတယ်။

အချိုး > 2 ဖြစ်ရင် ပိုပြီးကောင်းပါတယ်။


🔺Quick Ratio (Acid Test Ratio)

သူ့ရဲ့ Formula က

(Current Assets - Inventory) ÷ Current Liabilities ဖြစ်ပါတယ်။

အချိုး > 1 ဖြစ်ရင် ကောင်းပါတယ်။


🔺Cash Ratio

သူ့ရဲ့ Formula ကတော့

(Cash + Cash Equivalents) ÷ Current Liabilities ဖြစ်ပါတယ်။

Cash နဲ့ Cash Equivalents တွေနဲ့ ဆပ်နိုင်မဲ့အခြေအနေကို တိုင်းတာတာဖြစ်ပါတယ်။




Financial Ratios ဆိုတာ ဘယ်လိုမျိုးလဲ❓
Chinbridge Institute September 19, 2025
Share this post
Tags
Archive
ငွေကြေးစီမံကိန်းရေးဆွဲခြင်း (Budgeting) ဆိုတာ ဘယ်လိုမျိုးလဲ❓