Accounting & Finance ဆိုတာနဲ့ ကိန်းဂဏန်းကို ချစ်မြတ်နိုးပြီး ငွေကြေးဘဏ္ဍာရေးဆိုင်ရာတွေကို စိတ်ဝင်စားတဲ့သူတွေလည်းရှိကြသလို တတ်နိုင်သမျှ ကိန်းဂဏန်းတွေကို မရေတွက်ချင်ဘူးဆိုတဲ့သူတွေလည်းရှိကြပါတယ်။
ဒါပေမဲ့ စီးပွားရေးကိုစိတ်ဝင်စားပြီး သင်ယူလေ့လာချင်တဲ့သူ တစ်ယောက်ဆိုရင်တော့ Accounting & Finance ကိုလည်း လေ့လာဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အရေးပါဆုံးအခန်းကဏ္ဍဖြစ်နေလို့ပါပဲ။ ငွေကြေးမရှိရင် products မရှိ၊ sale မရှိ၊ လစာမရှိနဲ့ နောက်ဆုံး Business ပါရှိတော့မှာမဟုတ်ပါဘူး။
ကိုယ်က ငွေကြေးဆိုင်ရာဌာနမှာအလုပ်မလုပ်ဘူးဆိုရင်တောင် ကိုယ့်ရဲ့တစ်ကိုယ်ရေအသုံးရိတ်၊ ကိုယ့်အသင်းအဖွဲ့အတွက် Budget Plan, Budget Save ဖြစ်ဖို့နဲ့ ဝင်ငွေ၊ထွက်ငွေစာရင်းတွေကစ စနစ်တကျတင်ပြတွက်ချက်တတ်ဖို့ လိုပါတယ်။
ဒါ့ကြောင့် Accounting & Finance က စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဘာလို့အရေးကြီးလဲဆိုတဲ့ အဓိကအချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
🔺 Financial Records တွေကို ထိန်းသိမ်းဖို့
Accounting ဆိုတာ လုပ်ငန်းရဲ့ငွေကြေးစီးဆင်းမှုတွေကို မှတ်တမ်းတင်ထိန်းသိမ်းထားတာပါ။ မှန်ကန်တဲ့ငွေကြေးစီးဆင်းမှုမှတ်တမ်းတစ်ခုက လုပ်ငန်းရဲ့အနာဂတ်ကို စီမံခန့်ခွဲဖို့ အထောက်အကူပြုသလို Cash Flow နဲ့ Liquidity ကိုလည်း မှန်ကန်စေပါတယ်။ "Cash Flow is the lifeblood of a business" ဆိုသလိုပါပဲ။
🔺 Legal Problem တွေကို ရှောင်ရှားဖို့
နိုင်ငံအများစုမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက Financial Statement ထုတ်ပြန်ရပါတယ်။ Investment သမားတွေ၊ Shareholders တွေက လုပ်ငန်းရဲ့တိုးတက်မှုနဲ့ အမြတ်ငွေအထွက်ငွေ လုံလောက်မှုရှိမရှိစစ်ဆေးနိုင်ဖို့နဲ့ အခွန်၊အတိုးနဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း လိုက်နာဖို့လိုပါတယ်။ Accounting ကရေးမှတ်လိုက်တဲ့ Cash Flow မမှန်ကန်ရင် ကိုယ့်ကုမ္ပဏီကစစ်ဆေးခံရနိုင်ပြီး မလိုအပ်တဲ့ ဥပဒေပြဿနာတွေကြားထဲမှာ ရောက်သွားနိုင်ပါတယ်။
🔺Budget ပြင်ဆင်နိုင်ဖို့
ငွေစာရင်း၊ ငွေစီးဆင်းမှုကို စနစ်တကျမှတ်သားထားခြင်းက လုပ်ငန်းရဲ့အတွင်းကုန်ကျစရိတ်၊ ဝင်ငွေအခြေအနေနဲ့ အနာဂတ်အတွက် ကုန်ကျစရိတ်တွေကိုပါ ခန့်မှန်းတွက်ချက်လို့ရပါတယ်။ Budget တစ်ခုပြင်ဆင်ထားနိုင်ခြင်းက လုပ်ငန်းရဲ့လိုအပ်ချက်အရင်းအမြစ်ကို စီမံနိုင်သလို ကုန်ဈေးနှုန်းတက်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့ စရိတ်ကွာဟမှုတွေကိုပါ ကူညီဖြေရှင်းပေးနိုင်ပါတယ်။
🔺လုပ်ဆောင်မှုတွေကို ဆန်းစစ်နိုင်ဖို့
ဘဏ္ဍာရေးရှင်းတမ်း/ငွေစာရင်း ရှင်းတမ်း (Financial Statement) တွေ Financial Records တွေက လုပ်ငန်းတစ်ခုရဲ့Financial Health ကိုသာမက ကိုယ့်လုပ်ငန်းက ဘယ်နှစ်က ဘယ်လိုအောင်မြင်ခဲ့တာ၊ ဒီနှစ်မှာ အမြတ်ငွေနည်းသွားလား၊ များလာလား စတဲ့ လုပ်ဆောင်မှုတွေကို ပြန်ဆန်းစစ်နိုင်သလို ငွေကြေးနဲ့ပတ်သတ်ပြီး အရှုံးပေါ်ခဲ့တာ အမှားရှိခဲ့တာဆိုရင်လည်း ပြန်သုံးသပ် ပြင်ဆင်လို့ရပါတယ်။
🔺မဟာဗျူဟာပြင်ဆင်နိုင်ဖို့
လုပ်ငန်းတစ်ခုမှာ ခိုင်မာတဲ့ Accounting & Finance ရှိနေတာက နည်းဗျူဟာကောင်းတစ်ခုပါပဲ။ လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့ Budget တစ်ခုကို ရေးဆွဲနိုင်ပြီဆိုရင် ဝန်ထမ်းခန့်အပ်ထားခြင်းကစပြီး supply management တွေကနေ အကျိုးအမြတ်ရယူနိုင်ဖို့အထိ နည်းဗျူဟာတွေကို အနီးစပ်ဆုံးရေးဆွဲလို့ရပါပြီ။
ဒီလိုမျိုးအဓိကအချက်တွေကြောင့် စီးပွားရေးမှာ Accounting & Finance က သိပ်ကို အရေးကြီးတာဖြစ်ပါတယ်။